AAT Level 3

🌟 AAT Level 3 – Diploma in Accounting 🌟

AAT Level 3 သည် စာရင်းအခြေခံထက် တစ်ဆင့်မြင့်သော Advanced Level ဖြစ်ပါတယ်။
AAT Level 2 နှင့် ညီမျှသော အခြေခံရှိသူများအနေဖြင့် AAT Level 3 ကစပြီး တက်ရောက်နိုင်ပါတယ်။

AAT Level (3) တွင် ဘာသာရပ် 4 ခုရှိပါတယ်။

🌟 1. Financial Accounting: Preparing Financial Statements (FAPS)

FAPS ဘာသာရပ်သည် Financial Accounting နှင့်ပတ်သက်သော သင်ခန်းစာများကို concept နားလည်ပြီး လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချတတ်အောင် လက်တွေ့ဆန်သော သင်ခန်းစာများနှင့် သင်ကြားပေးသော ဘာသာရပ်ဖြစ်ပါတယ်။

🌟 2. Tax Processes for Businesses (TPFB)

အခွန် (Tax) စည်းမျဉ်းများနှင့်ပတ်သက်ပြီး Knowledge ရရှိအောင် UK နိုင်ငံ၏ VAT နှင့် Payroll Tax များအကြောင်း သင်ကြားပေးသော ဘာသာရပ်ဖြစ်ပါသည်။

🌟 3. Management Accounting Techniques (MATS)

Organisation တစ်ခု၏ Management Accountant တစ်ယောက်၏ လုပ်ငန်းတာဝန်များကို သိရှိနားလည်စေမည့် သင်ခန်းစာများပါဝင်ပါတယ်။
Budget နှင့်ဆိုင်သော သင်ခန်းစာများ၊ cash management နှင့်ဆိုင်သော သင်ခန်းစာများကိုသင်ကြားပေးသော ဘာသာရပ်ဖြစ်ပါသည်။

🌟 4. Business Awareness (BUAW)

BUAW ဘာသာရပ်ကတော့ AAT Level 3 ရဲ့ နာမည်အကြီးဆုံး ဘာသာရပ်ဖြစ်ပါတယ်။
Accountants များလိုက်နာစောင့်ထိန်းသင့်သော ethics and principles များ
လုပ်ငန်းအမျိုးအစားနှင့် structure များ၊ legal framework များအကြောင်း
External and internal environment များက လုပ်ငန်း၏ performance and decision များကိုသက်ရောက်နိုင်မှုများ၊ တိုးတက်ပြောင်းလဲလာသော technologies အသစ်များနှင့် ၎င်းတို့နှင့် ဆက်စပ်၍ ဖြစ်ပေါ်လာနိုင်သော risk များ၊ Stakeholders များနှင့် communicate ပြုလုပ်ပုံသင်ခန်းစာများပါဝင်ပါတယ်။ Digital ခေတ်မှာ Smart ကျတဲ့ Finance & Accounting Professional တစ်ယောက်ဖြစ်နေဖို့အတွက် Business Awareness ဘာသာရပ်က များစွာအထောက်အကူပြုနိုင်မှာပါ။

....................................................................................................................................

✅ AAT Level 3 ဘာသာရပ်အားလုံးကို တစ်ခါထဲတက်၊ တစ်ခါထဲသင်ပြီး ဖြေဆိုစရာ မလိုပါဘူး။

Level 3 အတွက်ဆို တစ်ဘာသာချင်းစီတက်လို့လည်းရပါတယ်။ အချိန်လည်းပေးနိုင်တယ်။ စာလည်းလုပ်နိုင်မယ်ထင်လျှင် နှစ်ဘာသာပြိုင်တက်လို့ရပါတယ်။
UK Exam ကိုလည်း တစ်ဘာသာချင်းဖြေဆိုနိုင်ပါတယ်။

📌 MATS ဘာသာရပ် UK Exam ဖြေဆိုရာတွင် Excel ကို အသုံးပြု၍ ဖြေဆိုရသော ပုစ္ဆာများပါဝင်တာကြောင့် Excel အသုံးမပြုတတ်သူများအနေဖြင့် ကြိုတင်လေ့လာထားနိုင်သလို MAS သင်တန်းကျောင်းမှ Excel အတန်းများကိုလည်းတက်ရောက်နိုင်ပါသည်။

....................................................................................................................................

📃 UK Exam တစ်ဘာသာအောင်မြင်ပြီးတိုင်း မိမိရဲ့ ကိုယ်ပိုင် AAT Account ထဲမှာ Statement of Achievement ထုတ်ယူနိုင်ပါတယ်။

📃 FAPS နှင့် TPFB ဘာသာရပ်နှစ်ခု၏ UK Exam များအောင်မြင်ပြီးပါက AAT Level 3 - Certificate in Bookkeeping ရရှိမှာဖြစ်ပါတယ်။

📃 ဘာသာရပ်အားလုံး UK Exam များအောင်မြင်ပြီးပါက AAT Level 3 - Diploma in Accounting ရရှိမှာဖြစ်ပါတယ်။

✳ အောင်လက်မှတ်တွေက UK ဖက်က ပို့ပေးတာဖြစ်ပါတယ်။ သီးသန့်လျှောက်စရာလည်းမလိုပါဘူး။
Diploma ရရှိဖို့ အချိန်ကန့်သတ်ထားတာမျိုးမရှိပါဘူး

....................................................................................................................................

✔ AAT Level 3 Online Class သင်တန်းကြေးကတော့ တစ်ဘာသာကို 175,000 ကျပ်ဖြစ်ပါတယ်။

UK စာမေးပွဲကြေးက တစ်ဘာသာကို £60-65 ဝန်းကျင်ပါရှင့် 💫

တစ်ဘာသာကို သင်တန်းကာလ 2 လခွဲဝန်းကျင်ကြာမြင့်ပါတယ်။ ⏳

Upcoming Classes

  • Name: BUAW Lesson Test
  • Instructor:
  • Start date: 01/08/2023
  • Days: 12
  • Times: 12:30 pm - 03:00 pm