မင်္ဂလာပါ🙏✨ "Mommy as Learner" အစီအစဉ်မှကြိုဆိုပါတယ်နော် 🌟 ဒီအစီအစဉ်ကတော့ AAT လေ့လာနေသူ မေမေကျောင်းသူများနှင့်တွေ့ဆုံပြီး Work, Family, Education balance ဖြစ်အောင် ပြုလုပ်ခဲ့ရတဲ့ အတွေ့အကြုံများကို မေးမြန်းပြီးပြန်လည်ဝေမျှပေးနေတာဖြစ်ပါတယ်။ MAS မှာတက်ရောက်နေသည့် AAT ကျောင်းသူအနေနှင့်လည်း AAT တက်ရောက်ရတဲ့ အတွေ့အကြုံ၊ အကျိုးရှိပုံများနှင့် MAS မှာတက်ရောက်ရသည့် feedback များကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။ ဒီ interview လေးမှတစ်ဆင့် AAT မှမဟုတ် အခြား ပညာရပ်အသီးသီးများကို လေ့လာနေဆဲ မေမေကျောင်းသူများလည်း inspirations နှင့် motivations များရရှိစေရန်ရည်ရွယ်ပါတယ်။ ဒီလအတွက် "Mommy as Learner" အစီအစဉ်လေးမှာတော့ 𝑴𝑨𝑺 𝑬𝒅𝒖𝒄𝒂𝒕𝒊𝒐𝒏 𝑪𝒆𝒏𝒕𝒆𝒓 တွင်သင်ကြားပေးလျက်ရှိတဲ့ 𝑨𝒔𝒔𝒐𝒄𝒊𝒂𝒕𝒊𝒐𝒏 𝒐𝒇 𝑨𝒄𝒄𝒐𝒖𝒏𝒕𝒊𝒏𝒈 𝑻𝒆𝒄𝒉𝒏𝒊𝒄𝒊𝒂𝒏𝒔 - 𝑨𝑨𝑻 (𝑼𝑲) ရဲ့ Level 4 - Professional Diploma in Accounting (AQ2016) တက်ရောက်နေတဲ့ မနီနီဆန်း ကိုတွေ့ဆုံမေးမြန်းထားတာပဲဖြစ်ပါတယ် ကျွန်မနာမည်ကတော့ နီနီဆန်းပါ Office Manager တစ်ယောက်ဖြစ်ပါတယ်။ ကိုယ်က ကျောင်းစာနဲ့အဆက်ပြတ်နေတာ ၁၅ နှစ်လောက် ရှိပြီးမှ စာပြန်လုပ်ဖို့အတွက် ထစီစဉ်ဖြစ်တော့သင်တန်းတွေစုံစမ်းရင်းဆရာဦးသူရရှိန် ကို အသိတစ်ယောက်ညွှန်ပေးလို့ ဆရာ့ဆီကို တိုက်ရိုက်စုံစမ်းခဲ့ပါတယ်။ အဓိက ကျောင်းစာနဲ့ဝေးနေတာရယ် အလုပ်တဖက် ကလေး တဖက်နဲ့ ကြောင့် ဆရာနဲ့အသေချာဆွေးနွေးပြီး ဆရာ့ဆီက အကြံညဏ်ယူခဲ့ပါတယ် ။ ဒီလိုနဲ့ စတက်ဖြစ်တော့ ဆရာ ဆရာမ တွေ ကလဲ စိတ်ရှည်ရှည်နဲ့ ဖြည်းဖြည်းချင်း ဆွဲခေါ်ပေးခဲ့ပါတယ် ။ ဒီလိုနဲ့ပဲ ဖြည်းဖြည်းချင်း လိုက်လုပ်လာရင်း AAT Level 4 က ဘာသာတွေ အကုန် ပြီးခါနီးပါပြီ။ ကိုယ်က တခြား Accounting နဲ့ပတ်သက်တာတွေလည်း တက်ခဲ့ဖူး တော့ AAT တက်လိုက်တဲ့အချိန် အားသာချက် တော်တော်များများကို သတိထားမိပါတယ် ။ AAT မှာသင်ရတဲ့ ဘာသာရပ်တွေက လက်တွေ့လုပ်ငန်း ခွင်မှာ သိပ်အသုံးဝင်ပါတယ် ။ ရုံးတွင်းပိုင်း Report တွေဖြစ်တဲ့ Management Report တွေ ၊ နှစ်ကုန်မှာ Government ကိုတင်ရတဲ့ Financial Report တွေ ၊ Tax တွက်ချက်တာတွေ ၊ Cash Control ပိုင်းတွေ မှာအရင်ကထက် ပိုပြီးထိထိရောက်ရောက်မြန်မြန်ဆန်ဆန် လက်တွေ့ကျကျ အသုံးချတတ်လာတယ် ။ AAT တက်လိုက်တာဟာ ကိုယ်တိုင်စိတ်ကျေနပ်ရတဲ့ ရွေးချယ်မှုတစ်ခုပါ ။ AAT က တော်ရုံ အသေးစား အလတ်စား လုပ်ငန်းမျိုးတွေ အတွက်ဆိုတော်တော်လေး အသုံးတည့်တဲ့ ဘာသာ ရပ်ပါပဲ ။ ကိုယ်အကြိုက်ဆုံးဘာသာရပ်ကတော့ Management Accounting: Decision and Control (MDCL) ဘာသာရပ်ပါ ပါ ။ MDCL ကို သင်စတုန်းက ကြောက်ပေမယ့် နောက်ဆုံး ဒီဘာသာကို ပိုပို သဘောကျလာပါတယ် ။ Single Mother တစ်ယောက်အနေနဲ့ ကလေးတစ်ဖက် နဲ့ Full Time အလုပ်တဖက် နဲ့ စာလေ့လာရဖို့ စတွေးတော့ စာမကျက်နိုင်မှာ ကလေး ကိုလဲ အချိန်မပေးနိုင်မှာတွေး ပြီးစိုးရိမ်ခဲ့တယ်.။ တကယ်လုပ်တော့လည်း လူလွတ်တွေလောက်တော့ စာလုပ်ချိန်မရခဲ့ပါဘူး။ အချိန်သိပ်မပေးနိုင်တော့ ကျောင်းစာသင်ချိန် မှာသေချာ အာရုံစိုက် နားထောင်ဖြစ်တယ် ။ နောက် Record Video တွေကိုနားထောင်ဖြစ်တယ် ။ နားမလည်ရင် ကျောင်းဖက်က ပို့ပေးတဲ့ Zoom Video တွေကိုထပ်ခါထပ်ခါ နားထောင်ဖြစ်တယ် ။ စာလုပ်ချိန် ရယ်လို့အထွေထူး သိပ်မပေးနိုင်ခဲ့ပါ ဘူး။ အလုပ်ပြန်ချိန် ကလေးကိုလည်း အချိန်တစ်ခု ပေးပြီးနေပေးရတဲ့အချိန်တွေဖယ်ပြီးမှ ရသလောက်ပဲ လုပ်ခဲ့ပါတယ် ။ ဒီလိုနဲ့ပဲ စာမေးပွဲတွေ အောင်လာတော့ လူက ယုံကြည်မှု ပိုပိုတိုးလာပြီး စာလည်း ပိုပိုလုပ်ချင်စိတ်ဖြစ်လာတယ်။ ဆရာဦးသူရရှိန်အပါအဝင် ကျောင်းဖက်က အားသာချက်က ကျောင်းသားတစ်ယောက်ချင်းစီကိုအလွတ်နီးပါးမှတ်မိပြီး ဖြေပြီးတဲ့ဘာသာ၊ ကျန်တဲ့ဘာသာက အစ အမြဲမှတ်မိ တယ်။ ကျောင်းသားဘယ်လောက်များများ ဘယ်သူက ဘယ်နေရာမှာအားနည်းတယ်၊ အားသာတယ်ဆိုတာအကုန်မှတ်မိနေတယ်။ ဆရာ၊ ဆရာမ တွေ ဖက် က စေတနာထားပြီး အသေးစိတ်က အစ မလွတ်အောင်စီစဉ်ပေးနိုင်ကြတာကိုလေးစားပါတယ် ။ Ni Ni San Office Manager