Welcome to AQ2022

AAT (UK) က မနက်ဖြန် September 1 ရက်နေ့မှာ AQ2022 Qualifications သစ်ကို စတင်မိတ်ဆက်မှာဖြစ်ပါတယ်။ AAT (UK) သည် နိုင်ငံတကာ အသိအမှတ်ပြု professional awarding body ဖြစ်တာနှင့်အညီ သင်ကြားပေးနေသော qualifications များကို review and research ပြုလုပ်ပြီး ပြောင်းလဲလာသည့် ခေတ်နှင့်အညီ accounting industry ၏လိုအပ်ချက်များ၊ လုပ်ငန်းရှင်များ၏အကြုံပြုချက်များကို အခြေခံ၍ သင်ယူလေ့လာသူများ လုပ်ငန်းခွင်ဝင်ရောက်သည့်အခါ ပြည့်စုံစေဖို့ ရည်ရွယ်ချက်ဖြင့် qualifications များကို ၄နှစ် သို့မဟုတ် ၅ နှစ် တစ်ကြိမ် update လုပ်လေ့ရှိပါသည်။ 🥰 AQ2022 သည် Technology Ethics Sustainability Communications အစရှိသည့် themes 4 ခုပေါ်အခြေခံ၍ ရေးဆွဲထားသောသင်ရိုးညွှန်တမ်းများပါဝင်သည့် Qualifications ဖြစ်ပါသည်။ ⚛ Technology Technology သည် လုပ်ငန်းတိုင်းမှာအရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုဖြစ်လာပါတယ်။ AQ2022 Qualifications မှာတော့ လုပ်ငန်းခွင်မှာ Tech ကြောင့်ဖြစ်လာမည့် pros and cons များ၊ cybersecurity နှင့်ပတ်သတ်သောသင်ခန်းစာများ၊ accountant ရဲ့ role ကိုပြောင်းလဲပေးနိုင်ပုံများစသည့် သင်ခန်းစာများ ပါဝင်မှာဖြစ်ပါတယ်။ ✨ ⚛ Sustainability Sustainability ကတော့ လူတစ်ယောက်ချင်းစီတိုင်း၊ လုပ်ငန်းတစ်ခုစီတိုင်းလိုက်နာသင့်သည့် အရာပဲဖြစ်ပါတယ်။ AQ2016 မှာလည်း sustainability အကြောင်းပါဝင်ခဲ့သလို ယခု AQ2022 မှာလည်း sustainability နဲ့ပတ်သတ်၍ သိထားသင့်သည့် သင်ခန်းစာများပိုမိုပါဝင်လာမှာဖြစ်ပါတယ်။✨ ⚛ Ethics Professional Qualifications တိုင်းမှာသင်ကြားပေးသည့်၊ stakeholders တိုင်းစောင့်ထိန်းသင့်သည့် Ethics သင်ခန်းစာများကတော့ AAT ရဲ့ ဘယ် qualifications မှာမဆိုပါဝင်တာဖြစ်ပါတယ်။ ယခု AQ2022 မှာလည်းပြောင်းလဲလာသည့် ခေတ်နှင့်အညီ ethics နဲ့ဆက်နွယ်သည့် ပြဿနာများနှင့်ကြုံတွေလာသည့်အခါ accountants များအနေနဲ့ မည်ကဲ့သို့ ဖြေရှင်းသင့်လဲဆိုသော case study သင်ခန်းစာများပိုမိုပါဝင်လာပါမယ်။ ✨ ⚛ Communications Accountants များအနေနှင့် clients များ၊ stakeholders များ၊ senior management များနှင့် communicate ပြုလုပ်ရာမှာ effective and clear ဖြစ်စွာပြုလုပ်တတ်ဖို့ လိုအပ်သည့် သင်ခန်းစာများကို လေ့လာရမှာဖြစ်ပါတယ်။ Writing, verbal နှင့် body language အစရှိသည့် မည့်သည့်ပုံစံမျိုးနှင့်မဆို communicate ပြုလုပ်ရမှာ ထိရောက်စွာပြုလုပ်နိုင်ဖို့ သင်ခန်းစာများပါဝင်ပါတယ်။ ✨ 📚AQ2022 မှာ လိုအပ်သည့် life skills များကိုပါ ထည့်သွင်းသင်ကြားပေးမှာဖြစ်လို့ working environment ကိုပြောင်းလဲစေနိုင်ပါတယ်။ အရည်အချင်းပြည့်မှီပြီး employer တိုင်းအလိုရှိတဲ့ accountant တစ်ယောက်ဖြစ်လာပြီး လုပ်ငန်းတိုင်းမှာ fit ဖြစ်စေလာမှာပါ။ 📝 AAT ရဲ့ Qualifications များက လုပ်ငန်းခွင်နဲ့နီးစပ်ပြီးလက်တွေ့ကျပါတယ်။ ယခု AQ2022 ကတော့ ပိုပြီး ပြီးပြည့်စုံတဲ့ Qualifications တစ်ခုဖြစ်လာပါတယ်။ 👨‍🏫